ဖြတ်သန်းခဲ့သောဘ၀ပုံရိပ်များ

ကလေးအသွင်

 

 

 

ဖြူစင်ရိုးသား

စိတ်ထားက အမဲစက်မထင်

Read More

Posted in ကဗျာ | Tagged | Leave a comment

မယုံမဖြစ်တဲ့တည်ခဲ့သက်သေ

”မြောက်ဥက္ကလာ၊ ခေမာသီ၊ ကြိုးတံတား. . . ဆရာရေ အစ်ကိုတစ်ယောက်လိုက်မယ်”

ပြောပြောဆိုဆိုကားစပါယ်ယာစကားဆုံးသည်နှင့် ၁၀၃ ကားအပြာလေးပေါ်သို့ ဆင်းမည့်သူအားစောင့်လို့အပြီး အလျှင် အမြန် တက်လိုက်သည်။ မိမိကားပေါ် ရောက်သည်နှင့် အခန့်သင့်နေရာလွတ်တစ်ခုကိုတွေ့လိုက်ရသော်လည်း ရပ်စီးရန်ခက်ခဲသူများ အနီးနားတွင်ရှိမရှိကြည့်လိုက်ရာ မိမိအသင်းတော်မှ ဘီပီအိုင်ဆေးဝါးလုပ်ငန်းတွင်လုပ်နေသည့် ကျန်းမာရေးကောင်းကာစ ယုံကြည်သူ အမျိုးသမီးတစ်ဦးအား တွေ့လိုက်ရသည်။

”အန်တီ သည်မှာထိုင်လိုက်လေ”

”အော်. . . ဆရာပါလား၊ ဆရာထိုင်လေ”

”မဟုတ်ပါဘူး အန်တီထိုင်ပါ၊ ခဏနေ သမိုင်းရောက်ရင် နေရာပြန်ရမှာပဲ”

”ကျေးဇူးပဲဆရာ”

အမှန်တကယ်တော့ ထိုအန်တီသည် သူအပါတ်စဉ်ကြာသပတေးနေ့တိုင်းသွားနေသော မိတ်မသဟာယမှ ဖြစ်သည်။ ယုံကြည်သူ မိသားစုမှ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေးမညီညွတ်ရာမှ ဘုရားသခင်အထံတော်သို့ ပြန်လည်ရောက်ရှိလာသူဟု ဆိုက လည်းမမှား။ လှိုင်သာယာ-ကြိုးတံတားကားသည် အခါတိုင်းသည်အချိန်ဆိုရင်ဖြင့် လူပြည့်နှက်နေတတ်သည်သာ။ သို့သော်လည်း ယနေ့ မရမ်းကုန်း အထကကျောင်းသား၊ ကျောင်းသူလေးများကလည်း ကျောင်းချိန်နောက်ကျ၍ထင်သည်ပေါ်မလာကြသေးသဖြင့် ခုံစေ့လူစေ့ ဖြစ်နေခြင်းသာ။ မိမိသည်လည်းတစ်နေ့တာ၏အငန်းအတာများအပေါ်တွင် ဘုရားသခင်ပြုတော်မူသည့် အမှုအရာများအား ရေတွက်ရင်း ၁၀၃ ကားလေး ပေါ်တွင် မိမိယုံကြည်သူနှင့်ပင် စကားမပြောဖြစ်ပဲ စီးနင်းလိုက်ပါနေမိသည်။

” နဝဒေး . . . ငါးလမ်း . . .”

”ငါးလမ်းပါတယ်”

ကားစပါယ်ယာ၏ စကားကို မိမိယုံကြည်သူဖြစ်သူထံမှ အသံထွက်ပေါ်လာချိန်မှပင် သူပြန်လည်ပြီးတော့ နှုတ်ဆက်ရန် အသိဝင် လာတော့သည်။

''ကြာသပတေးနေ့မှာတော့ ပုံမှန်ပဲလာမယ်နော် အန်တီ''
''ဆက်ဆက်လာခဲ့နော်ဆရာ၊ ကျွန်မတို့စောင့်နေကြမှာ''
''ဟုတ်ကဲ့ဆက်ဆက်လာခဲ့ပါ့မယ်''
''ကျေးဇူးပဲဆရာငါးလမ်းတွင် နှုတ်ဆက်ပြီး အန်တီထွက်ခွါသွားသည်နှင့် မိမိလည်းမိမိနေရာကို အနည်းငယ်နောက်ပိုင်းသို့ ပြောင်းရွေ့ ထိုင်လိုက်သည်။ ထိုအခိုက်-
''အဲ့သည်အန်တီကလေး ကင်ဆာရောဂါဖြစ်ခဲ့တာနော်''
''ဟယ်. . . သူ့ပုံကမတူဘူးနော်''
''အင်း . . . ကျန်းကျန်းမာမာပုံပဲ''
''ဟုတ်တယ်. . . သူက သူ့ရောဂါကို ဘုရားကုကုလိုက်တာလေ''
''ဘယ်လို . . . ရှင်းရှင်းပြောစမ်းပါဟယ်''
''သူက ကင်ဆာရောဂါဖြစ်မှန်းသိသွားတော့ နောက်ကျသွားပြီလေ။ ဒါပေမယ့် အဲ့သည်အချိန်မှာ ဘုရားအတွက် သူ့ဘဝကိုပုံအပ်ပြီး ဆုတောင်းခြင်း၊
ကျမ်းစာဖတ်ခြင်းနဲ့ ဘုရားကု ကုလိုက်တာအခုမြင်တဲ့အတိုင်းပဲပြန်ကောင်းသွားတာ''
မိမိယုံကြည်သူနှင့် ကောင်းစွာသိကျွမ်းရင်းနှီးပုံရသော အမျိုးသမီးငယ်လေးမှ ဘေးရှိအပေါင်းအပါ အမျိုးသမီးခပ်ကြီးကြီးနှစ်ယောက်ကို သက်သေခံ
ရှင်းပြနေခြင်းဖြစ်ပြီး၊ အခြားအမျိုးသမီးကြီးနှစ်ဦးမှလည်း ''နားရှိ၍ကြားရသည်၊ မျက်စိရှိ၍ မြင်ရသည်'' သိပ်တော့ မယုံချင်သည့် အနေအထားမျိုးရှိနေကြသည်။
ထိုအခိုက်မှာပင်အမျိုးသမီးငယ်လေးက-
''အင်းနော် . . . ကျွန်မတို့ကျတော့လည်း မိဘမျိုးရိုးလိုက်က ခရစ်ယာန်ဖြစ်ပေမယ့် သူ့လိုကျတော့လည်းမခံစားရဘူး''
''အင်း . . . နင်ကပြောလိုသာ ကင်ဆာရောဂါခံစားခဲ့ရသူဆိုတာငါတို့လက်ခံလိုက်ရတယ်ဟယ်''
အဆုံးတွင် ပြောသူကပြော၊ လက်တွေ့တွင်လည်း မြင်နေကြရသည့်အခါမှာ သူတို့အားလုံးကျေနပ်စွာဖြင့် ဘုရားကု ကုသသည်ဆိုသည်ကို ကောင်းကောင်း
လက်ခံသွားကြသဖြင့် မိမိလည်း မိမိဆင်းမည့်မှတ်တိုင်ကို မကျော်သွားရန် သတိပြုလိုက်မိတော့သည်။
 ဆယ်မြူရယ်စိုးလွင်
Posted in ၀တ္ထုတို | Tagged | Leave a comment

သိက္ခာနှင့်ရိက္ခာ

တစ်နေ့အတွက်

စိတ်မညစ်နဲ့

သင့်ကိုဖန်ဆင်း

ထွဋ်ခေါင်မင်းသည်

စောင်မကြည့်ရှု

ဆံခြည်ကိုပင်လျှစ်လျှူမရှု……..

ရိက္ခာသည်ကား

ခရီးသွားတွက်

နေ့စဉ်မပန်း

ကိုယ်မနွမ်းဖို့

ပေးကမ်းလျှက်နေ

ခရီးစဉ်အတွက်အဖြည့်ခံလေ……..

သိက္ခာသည်ကား

ရွှေပြည်သားတွက်

နေ့စဉ်တင့်ဆန်း

အသက်တာမနွမ်းဖို့

ဆီမီးဖြည့်လျှက်နေ

ပြည်တော်ပြန်အတွက်ဘုန်းအသရေလေ……….

ဆယ်မြူရယ်စိုးလွင်

Posted in ကဗျာ | Tagged | Leave a comment

R.B.Robinson ၏ စိတ်ကြိုက်ဝတ္ထုတိုများ

လူကြီးလူငယ်တိုင်းအတွက် ပညာပေးဆိုင်ရာ ဗဟုသုတအဖြာဖြာအတွက် ဘာသာပြန်ဆို ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။ အင်းစိန်မြို့နယ်၊ စာပေနှင့် စာနယ်ဇင်း ဖြစ်သော အောင်ဇေယျမီဒီယာမှ ဖြန့်ချိပါသည်။

Posted in စာအုပ်စင် | Tagged | Leave a comment

မြင့်မြတ်အကြံတော်

ကျွန်တော်တို့လူသားများအတွက် သမ္မာကျမ်းစာကို ဘုရားသခင်သည် ပေးသနားတော်မူထားသည့် အားလျှော်စွာ သမ္မာကျမ်းစာကိုလေ့လာရာတွင် လူသားများအတွက် ထားရှိသော ဘုရားသခင်၏ ကယ်တင်ခြင်း စီမံကိန်းကို ရှင်းလင်းစွာမြင်တွေ့ရပါသည်။ Read More

Posted in ဝေစာ | Tagged | Leave a comment

ပြစ်ကျွေးမှလွတ်ကင်းရာ

သမ္မာကျမ်းစာတွင်လူသားများနှင့်စပ်လျှဉ်း၍ အပြစ်၏သဘောသဘာဝကို နှစ်မျိုးနှစ်စားဖေါ်ပြထားပါသည်။ ၄င်းတို့မှာ-
၁။ ဗီဇအပြစ် (Sin)။

ထိုနှစ်မျိုးနှစ်စားတွင် လူတိုင်းသိတတ်၊ မြင်တတ်၊ ပြောတတ်ကြသည်မှာ အမှတ် ၂ ဖြစ်သော ဒုစရိုက်အပြစ်ကိုသာ ကြည့်မြင်တတ်ကြပြီး၊ ဗီဇအပြစ်တည်းဟူသော မွေးရာပါအပြစ်ကို သတိမမူမိကြသလို၊ အရေးတယူလည်းသိပ်မလုပ်ကြပါ။    Read More

Posted in ဝေစာ | Tagged | Leave a comment

တွေးမကြည့်နဲ့လက်တွေ့နဲ့သိ

ယေရှု ကောင်းကြောင်း တရားပေါင်းလည်း ကြားနာ အပ်ကြောင်းထပ်
အလွတ်ဆို၍ ရမလောက်…….။

Read More

Posted in ကဗျာ | Tagged | Leave a comment

အမြင်ရှင်းလင်းပါစေ

လောကတွင် လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြသဖြင့် မည်သူမှားသည် မည်သူမှန်သည်ကို ဆုံးဖြတ်ရန်အရေးသည် လွန်စွာခက်ခဲလှသည်ဟု ထင်မှတ်ရသော်လည်း ယုံကြည်သူ ဘုရားသားသမီးများအဖို့ မှားသည် မှန်သည်ကို ဆုံးဖြတ်ရန်အရေးသည် ရိုးရှင်းစွာဖြင့် လွယ်ကူလှပါသည်။ Read More

Posted in ဒေသနာ | Tagged | Leave a comment

ယေရှုသာတစ်ဆူတည်းသောဘုရားလား

တတိယမြောက် စာအုပ်အနေဖြင့် အနုတ်လက္ခဏာဖြင့် ချဉ်းကပ်သောသူများအတွက် အဓိက ဦးစားပေး အလေးထားကာ ဆွေးနွေးဝေငှချက်များဖြစ်ပြီး ယုံကြည်သူများအတွက်လည်း ပွဲလယ်တင့်စေရန် ရည်သန်ထားသောစာအုပ်ဖြစ်ပါသည်။

ပါဝင်သော အကြောင်းအရာများမှာ Read More

Posted in စာအုပ်စင် | Tagged | Leave a comment

သာဓကပုံဆောင်ခဲ

ကလေး၊ လူကြီး၊ လူငယ် အမျိုးသမီး၊ မိခင်နှင့် တရားဒေသနာဝေေ၀ဆာဆာအဖြစ် တန်ဆာဆင်ယင်ပေးမည့် သာဓကများကို ရေးသားထားခြင်းဖြစ်သည်။

နိုင်ငံတကာနှင့် အထွေထွေ ဗဟုသုတမှသည် မိမိယုံကြည် အားထားရာအတွက် စိတ်ချမှုနှင့် ငြိမ်သက်ခြင်းကို ဖြစ်ပွားစေနိုင်သည်သာမက

မိမိအနားရှိ သူများအားလည်း အားပေးအားထားရာအဖြစ် မျှဝေနိုင်သည့်

စာရေးသူ၏ ဒုတိယမြောက်စာအုပ်ဖြစ်ပါသည်။

Posted in စာအုပ်စင် | Tagged | Leave a comment

သဘာဝဓမ္မ

eee ကြက်ဥနှင့်ကြက်မတို့၏အစ “မေးပါများစကား”ရဆိုသော မြန်မာ့ဆိုရိုးစကားကလေးသည် လွန်စွာ ချစ်ခင် လေးမြတ်ဖွယ်ရာ ကောင်းသော ဓလေ့တစ်ခုပင်ဖြစ်သည်။မေးမြန်းခြင်းမှ အသိပညာ၊ အတတ်ပညာများကို ပွားများစေသည်။ မေးမြန်းခြင်းအားဖြင့် မသိသောအရာကို သိလာခြင်း၊ မရှင်းလင်းသော အရာကိုရှင်းလင်းလာခြင်း၊...

ဝေစာ

index မြင့်မြတ်အကြံတော် ကျွန်တော်တို့လူသားများအတွက် သမ္မာကျမ်းစာကို ဘုရားသခင်သည် ပေးသနားတော်မူထားသည့် အားလျှော်စွာ သမ္မာကျမ်းစာကိုလေ့လာရာတွင် လူသားများအတွက် ထားရှိသော ဘုရားသခင်၏ ကယ်တင်ခြင်း စီမံကိန်းကို ရှင်းလင်းစွာမြင်တွေ့ရပါသည်။
index ပြစ်ကျွေးမှလွတ်ကင်းရာ သမ္မာကျမ်းစာတွင်လူသားများနှင့်စပ်လျှဉ်း၍ အပြစ်၏သဘောသဘာဝကို နှစ်မျိုးနှစ်စားဖေါ်ပြထားပါသည်။ ၄င်းတို့မှာ- ၁။ ဗီဇအပြစ် (Sin)။ ထိုနှစ်မျိုးနှစ်စားတွင် လူတိုင်းသိတတ်၊ မြင်တတ်၊ ပြောတတ်ကြသည်မှာ အမှတ် ၂ ဖြစ်သော ဒုစရိုက်အပြစ်ကိုသာ...
images အသင့်ရှိပြီလား? ခရစ်တော်ဘုရား၏ ဒုတိယအကြိမ်ကြွ လာတော်မူခြင်းသည် လွန်စွာနီးကပ်၍လာပါပြီ။ သမ္မာကျမ်းမှ အနာဂတ္တိစကားတော်တို့ သည်လည်း ယနေ့မျက်မှောက်ခေတ်တွင်ပြည့်စုံလုနီးနီးဖြစ်နေပါ ပြီ။ ကျွန်ုပ်တို့၏ အကြီးမြတ်ဆုံးသောမျှော်လင့်ခြင်း သည်ခရစ်တော် ဘုရား၏ ထင်ရှားတော်မူခြင်းနဲ့ မကြာမမြင့်မီကောင်းကင်ယံမှ...
index ဘုရားသခင်၏ဆုလက်ဆောင် အိုနာသေခြင်းကင်းသော ဘဝ အသက်တာသည် လက်လှမ်း မမှီနိုင်သောအရာဟု လောကီသားတို့ထင်မှတ်ယုံကြည်ကြသည်။ အဝိဇ္ဇာ အမှောင်ဖုံးလွမ်း နေသောလောကီသားများ အနေဖြင့် ထိုဘဝ အသက်တာကို ရရှိရန်အတွက် မည်သို့မှ ဖြစ်နိုင်ခြေမရှိဟု...

သက်သေခံချက်

၁၁ ဥပေက္ခာပြုသင့်ချိန် “စပါဂျန်” လူငယ်ဓမ္မဆရာအဖြစ်အမှုတော်မြတ်တွင် ပါဝင်စက အပြောအဆို ရိုင်းစိုင်းသော အမျိုးသမီးတစ်ဦးက သူ့အား အမနာပ စကားများဖြင့်အရှက်ခွဲရန် ကြံစည်နေကြောင်းသတိပေးစကား   ဆိုလာသူများအားအောက်ပါအတိုင်း ပြန်လည် ဖြေကြားပြောဆိုခဲ့သည်။ “ကောင်းပါပြီဗျာ၊ ဒါက...
images ကျွန်ုပ်ဘဝကြမ္မာအား ပြောင်းလဲစေနိုင်သောအရှင်