လူဖြစ်နည်း

Post image of လူဖြစ်နည်း
Filed in သဘာဝဓမ္မ 0 comments

ခရစ်တော်ဘုရား၏ လူ့ဇာတိ ခံယူခြင်းနှင့် ဆက်နွယ်၍ မကြာမကြား မေးမြန်းခြင်းပြုကြသည်မှာ-

၁။ ယေရှုခရစ်တော်သည် မင်းဦးမင်းလွင်ရသောသား။

၂။ အပျိုကညာမှ မွေးဖွားခြင်းသည် ယုတ္တိမရှိ၊

၃။ သိပ္ပံနှင့် လက်တွေ့မကျ။

စသော အချက်များပင်ဖြစ်သည်။ ထို့ကြောင့် လူဖြစ်နည်း အမျိုးမျိုး အပြားပြားကို အောက်ပါအတိုင်း ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်ပါသည်။

သို့သော်လည်း စာရေးသူ၏ အဓိက ရည်ရွယ်ချက်နှင့် ယုံကြည်ချက်သည် သမ္မာကျမ်းစာတွင်သာ အခြေတည်သောကြောင့် သမ္မာကျမ်းစာ အတိုင်းသော်လည်း ကောင်း။ပါတ်ဝန်းကျင်ရှိ ယဉ်ကျေးမှု၊ စာပေးများမှသော် လည်းကောင်း ထုတ်နှုတ် ဖေါ်ပြပါမည်။ဦးစွာသမ္မာကျမ်းစာက လူဖြစ်ခြင်းကို လေးမျိုးလေးစားဖြင့် လေ့လာကြပါမည်။ ၄င်းတို့မှာ-

၁။ မိခင်၊ ဖခင် မရှိမြေမှုန့်မှ အရွယ်ရောက်ပြီးသော  လူဖြစ်ခြင်းကို  အာဒံ အားဖြင့် သိနိုင်သလို၊

၂။ နံရိုးမှ လူဖြစ်လာသော ဧဝသည်အရွယ်ရောက်ပြီးသော ကလေးဘဝ မရှိအသက်တာကို အာဒံကဲ့သို့ ဧဝကိုတွေ့မြင်ရသည်၊

၃။ မိဘ နှစ်ပါးမှ ဖွေးဖွားလာသော အရာကို ကျွန်ုပ်တို့ ကိုယ်တိုင်အားဖြင့် သိနိုင်သည်၊

၎။ မိခင်သာရှိပြီး ဖခင်မရှိသော အဖြစ်ကိုကား သန့်ရှင်းသော ဝိညာဉ်တော် ဘုရားအားဖြင့် လူဇာတိကို ခံယူတော်မူခဲ့သော ခရစ်တော်ဘုရား၏ အဖြစ်တော်တွင် မြင်တွေ့နိုင်သည် . . . . . . . ..

ဟူ၍လည်းကောင်း အမျိုးလေးပါကို တွေ့ရသော်လည်း၊ လူတိုင်း နာလည်နိုင်သော ဘာသာစကားများအားဖြင့်လည်းကောင်း သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သော်လည်း လူအချို့တို့သည် လက်မခံလိုကြ၊ အထူးသဖြင့် ယုတ္တိမတန်ဆိုကာ ငြင်းပယ်ကြလေတော့သည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံဗုဒ္ဓဘာသာ၏ ယုံကြည်ချက်တွင်လည်း အောက်ပါ အတိုင်း တွေ့မြင်နိုင်သည်။

၁။ ဥပပတ်ပဋိသန္ဓေ။

၎င်းသည် ရှေး ယခယခင်ဘဝက ဝိညာဉ်ချုပ်သည်နှင့်  ရုတ်ချည်းပင်၊ ၁၆နှစ် ၁၇ နှစ် အရွယ်စသော အဖြစ်ကိုရသော ဘဝဟူ၍ လည်းကောင်း။ နတ်သား၊ နတ်သမီး၊ ရုက္ခစိုး၊ အာကသစိုးနတ်တို့ကိုတွေ့ရသည်။

၂။သံသေဒဇ ပဋိသန္ဓေ ။

၎င်းသည် အညှိကို စွဲ၍ သေးငယ်သော ကလပ်စည်းတခုမှ ကြီးထွားလာကာ လူအဖြစ်ကို ယူသော သူတို့သည် ရှိလေ၏။  သစ်ပင်၊ တောတောင် ရှိ၊ အညစ်အကြေးတို့မှလည်း လူဖြစ်လာခြင်းဖြစ်သည်။

ကြာပန်းမှ မွေးသော  ပဒုမ္မာဒေဝီ၊ ဝါးပင်မှ မွေးသော ဝေဠုဝ၊မန်းကျည်းပင်မှမွေးသော စိဉ္စာမာန်တို့ပင်ဖြစ်သည်။

၃။ အဏ္ဍဇ ပဋိသန္ဓေ။

၎င်းသည်  ကြက်များကဲ့သို့ ဥမှဖြစ်လာသော သူများကို ကျိုက်ထီးရိုး သမိုင်းမှ မင်းသားများကို မြင့်တွေ့ သိရှိနိုင်ပေသည်။

၎။ ဂဗၻေသယ်က ပဋိသေႏၶ ။

၎င်းသည် လူမိဘ မျိုးရိုးနှစ်သွယ် ပေါင်းစပ်ခြင်းအားဖြင့် ဘဝဟူသော အရာကို ရသည်ဟူ၍ဖြစ်သည်။

ထိုမျှမက အတန်းစာမှာတွေ့ရသော သုဝဏ္ဏသာမသည်လည် မိဘများ ဖြစ်သော ဒုကူလနှင့် ပါရိကာတို့မှ မေထုန်သံဝါသ မပါဘဲ ချက်ကို သုံးသပ်ခြင်းဖြင့် လူဖြစ်လာသည်။

ထို့ကြောင့် ဆိုရေးရှိက ဆိုအပ်လှသည် ဆိုသောစကားအတိုင်းပင် အထက်ပါ လူဖြစ်နည်းတို့တွင် သိပ္ပံအားဖြင့်သော်လည်းကောင်း၊ သဘာဝဓမ္မ အားဖြင့်သော်လည်းကောင်း၊ အဘယ်အရာသည် မှန်သည်၊ မှားသည်ကို ကိုယ်တိုင်သာ ချင့်ချိန်၍ ယုံမှတ်ကာဘဝကိုပုံအပ်၍ ကိုးကွယ်အားထားရာ ဖြစ်ကြောင်း လူတိုင်းမိမိတို့၏ သက်ဝင်ယုံကြည်ရာတွင် သမ္မာဒိဌိဖြင့် ရှင်းလင်း၍ ယုံကြည်ခြင်း အစဉ်ခိုင်မြဲမြံစေရန်သာဖြစ်သည်။

ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ ။ ဒေသန္တရဧ၀ံဂေလိမှတ်စုမှ ပြန်လည်ဖေါ်ပြသည်။

Posted by ဆယ်မြူရယ်စိုးလွင်   @   9 December 2011 0 comments
Tags :

Share This Post

0 Comments

Sorry, comments are closed.

Previous Post
Next Post
ClearCloud designed by UK Banking System In conjunction with Birmingham Midshires , HFC Bank , NatWest.

Switch to our mobile site